Lumen ဖွံ့ဖြိုးရေးစီမံကိန်းစတင်
2020-03-23 19:40:41လားရှိုးကြီး၊ ရပ်ကွက် (၁၂)၊ စိန်လုကာဓမ္မသင်တန်းကျောင်းဝင်း၌ Lumen ဖွံ့ဖြိုးရေးစီမံကိန်းစတင်နေပါပြီ။ ၂၃၊ ၃၊ ၂၀၂၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် အဖဆရာတော်ကြီး ဖိလစ်ဇဟောင်းနှင့် အဖဆရာတော်ကြီး လုကာ့စ်ဂျင်ဖောက်ဒေါင်ဇေတို့နှစ်ပါးမှ ဆောက် လုပ်ရေးစတင်ပြုလုပ်မည့်နေရာကို ကောင်းချီးပေးခြင်း၊ ပန္နက်ရိုက်းခြင်းကို ပြုလုပ်ပေးခဲ့ကြပါသည်။ လားရှိုးသာသနာမှ ဘာသာဝင်းများအားလုံး လူမှုဘဝဖွံ့ဖြိုးတိုးတက်ပြီး မိမိတို့၏ဝိညာဉ် ရေးအတွက် ဘာသာတရားတွင်ပိုမိုကြိုးစားလုပ်ဆောင် လာနိုင်ကြ ရန် ရည်ရွယ်ပြီး စတင်လုပ်ဆောင်နေသောရေရှည်စီမံ ကိန်ဖြစ်ပါ သည်။ မိမိတို့သာသနာ၏ အနာဂါတ်မျိုးဆက်သစ်များ ကို ပြုစုပျိုး ထောင်ပေးနိုင်မည့် ဤဖွံ့ဖြိုးရေးစီမံကိန်းအတွက် စေတနာ့အလှူရှင် များစွာ လိုအပ်နေပါသည်။ စီမံကိန်းအသေးစိတ်ကို ဘာသာ ဝင်များသိရှိနိုင်ရန် သက်ဆိုင်ရာကျောင်းထိုင်များမှ တစ်ဆင့် တင်ပြပေးသွားမည် ဖြစ်ပါသည်။
Committee of Lumen Holistic Develompment Porgrammes
Diocese of Lashio, NSS, MYANMAR